ဆီးရီးယား က အိုင်အက်စ ကို ပြင်သစ် စတင်တိုက်ခိုက်

is france

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိုက်အက်စ သင်တန်းကျောင်းတွေ ကို တိုက်ခိုက်ခဲ့တာ လို့ ပြင်သစ် က ပြော

ဆီးရီးယား မှာရှိတဲ့ အိုင်အက်စ အဖွဲ့ကို ပြင်သစ် က ပထမဆုံးအကြိမ်အဖြစ် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက်တိုက်ခိုက် ရတာ လို့ လည်း ပြင်သစ် က ပြောပါတယ်။

ပြင်သစ် ဝန်ကြီးချုပ် မန်နျူယယ် ဘောစ က အိုက်အက်စတွေ သင်တန်းပေးတဲ့ နေရာတွေ ကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖြစ်တယ်၊ အိုင်အက်စဟာ အကြမ်းဖက် ခြောက်လှန့်ရေး ဝါဒ ကို ကိုင်စွဲထားပြီး ပြင်သစ်ကိုတိုက်ခိုက်ဖို့ ကြံစည်နေတဲ့အဖွဲ့ဖြစ်တယ် လို့ ပြောပါတယ်။

သူတို့ အမျိုးသားလုံခြုံရေးအတွက် ထိခိုက်လာမယ့် ကိစ္စတွေ ကို သူတို့ အနေနဲ့ တိုက်ခိုက်သွားမယ်လို့ လည်း ပြင်သစ်က ပြောပါတယ်။

အရင်က အီရတ်မှာ ရှိတဲ့ အိုင်အက်စ တွေ ကို ပြင်သစ် က အကန့်အသတ်နဲ့ တိုက်ခိုက်ခဲ့ပေမယ့် အခုတော့ ဆီးရီးယား က အိုက်အက်စ တွေ ကိုလည်း တိုက်ခိုက်ခဲ့တာပါ။