ဆီး​ရီး​ယား​ထဲ ရုရှား လေ​တပ်​အခြေ​စိုက် ဖွင့်​ထား​တယ်​လို့ အမေ​ရိ​ကန် ပြော

plane

ဓာတ်ပုံ ရင်းမြစ်, RIA Novosti

ဓာတ်ပုံ ပုံစာ, လာတပ်ခ်ခီးယား အနီးက လေယာဉ် ကွင်း ရှိရာဆီကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လူသူ ပစ္စည်းတွေ အဆက်မပြတ် ရောက်လာ နေ။

ရုရှား နိုင်ငံဟာ ဆီးရီးယား ထဲ မှာ လေတပ် အခြေစိုက် စခန်း တစ်ခု ဖွင့်လှစ် ထားရှိ နေတယ် ဆိုပြီး အမေရိကန် က ပြောပါတယ်။

ဆီးရီးယား ဆိပ်ကမ်းမြို့ တစ်ခု ဖြစ်တဲ့ လာတပ်ခ်ခီးယား အနီးက လေယာဉ် ကွင်း ရှိရာဆီကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း လူသူ ပစ္စည်းတွေ အဆက်မပြတ် ရောက်လာ နေတယ် ဆိုပြီး အမေရိကန် စစ်ဌာနချုပ် ပဲန်တဂန် ရဲ့ ပြောခွင့်ရ ဂျက်ဖ် ဒေးဗစ်စ် က ပြောပါတယ်။

ဒါပေမယ့် ရုရှားတိုက်လေယာဉ် နဲ့ ရဟတ်ယာဉ် တွေ ကို တော့ ဆီးရီးယား ထဲ မှာ မတွေ့ရ သေးဘူး လို့တော့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို တိုက်ခိုက် ရာမှာ အထောက်အကူ ဖြစ်စေဖို့ စစ်ရေး ပစ္စည်း တွေ ဆီးရီယား ထဲကို ပေးပို့ နေတယ် ဆိုပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့်ဗ် ကလည်း ပြောထားပါတယ်။