သီရိလင်္ကာ ရွေးကောက်ပွဲ၊ အာဏာရပါတီ အနိုင်ရ

မစ္စတာ ဝစ်ခရမ်မက်ဆင်းဂ်ရဲ့ ညီညွတ်သော အမျိုးသား ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့ရဖို့ ရှိနေ။

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, မစ္စတာ ဝစ်ခရမ်မက်ဆင်းဂ်ရဲ့ ညီညွတ်သော အမျိုးသား ပါတီက ညွန့်ပေါင်းအစိုးရ ဖွဲ့ရဖို့ ရှိနေ။

သီရိလင်္ကာ နိုင်ငံ ပါလီမန် ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Ranil Wickremesinghe ရာနီလ် ဝစ်ခရမ်မက်ဆင်းဂ် က သူ့ပါတီ မဲအများစု အနိုင်ရခဲ့ပြီးနောက် အောင်ပွဲခံရာမှာ အချင်းချင်း ညီညွတ်ကြဖို့ ပြောဆို လိုက်ပါတယ်။

မစ္စတာ ဝစ်ခရမ် မက်ဆင်းဂ်ရဲ့ ညီညွတ်သော အမျိုးသား ပါတီ UNP က အမတ်နေရာ ထက်ဝက်ကျော် မရခဲ့ပေမယ့် သူ့ရဲ့ မဟာမိတ်တွေနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်လောက်အောင် အမတ် နေရာတွေ ရခဲ့ပါတယ်။

ဒါကြောင့် သမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ခ်ဆာရဲ့ ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်ချက်က ပိတ်ပင် တားဆီး ခံလိုက်ရပြီ ဖြစ်ပါတယ်။

မဲ နောက်ဆုံး ရလဒ်တွေကို မထုတ်ပြန်ရသေးပေမယ့် ပါလီမန် အမတ်နေရာ ၂၂၅ နေရာ အနက် UNP က အနည်းဆုံး ၁၀၆ နေရာ ရဖို့ သေချာနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။