ဘင်္ဂလားဒေ့ရှ်မှာ လူပိလို့ ၂၃ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြောက်ပိုင်းက မိုင်မန်ဆင်း မြို့မှာ အဝတ်အထည်တွေ အခမဲ့ ပေးဝေစဉ် အတွင်း လူတွေ တိုးဝှေ့ရာမှ လူနင်းမိလို့ အနည်းဆုံး ၂၃ ဦး သေဆုံးပြီး အယောက် ၅၀ ဒဏ်ရာ ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဝတ်အထည်တွေ အခမဲ့ ပေးဝေတဲ့ စက်ရုံ တစ်ရုံရဲ့ ဂိတ်ပေါက်ဝကို လူ ရာပေါင်းများစွာ စုပြုံ တိုးဝှေ့ရာကနေ တိုးတိုက်မိကြတာ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ အဲဒီ စက်ရုံ ပိုင်ရှင် အပါအဝင် လူ ၇ ဦးကို ဖမ်းဆီး လိုက်ပါတယ်။
ရုပ်သံကနေ ပြသသွားတဲ့ ပုံရိပ်တွေမှာတော့ စက်ရုံ ဝင်ပေါက်မှာ အပျက်အစီးတွေနဲ့ သွေးစွန်းနေတဲ့ ကွင်းထိုးဖိနပ်တွေ ပြန့်ကျဲနေတာကို တွေ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ မွတ်ဆလင်တွေရဲ့ ရာမာဒန် ဥပုသ်လအတွင်း ကြွယ်ဝ ချမ်းသူသူတွေက နွမ်းပါးသူတွေကို အဝတ်အထည်တွေ အခမဲ့ ပေးဝေလေ့ ရှိပါတယ်။




