IS ခေါင်းဆောင်ရဲ့ အသံသွင်းမိန့်ခွန်း ထွက်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, AP
အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ခေါင်းဆောင် ရဲ့ အသံသွင်း မိန့်ခွန်း ဆိုပြီး IS အဖွဲ့ ထုတ်ပြန် လိုက်ပါတယ်။
အီရတ် နဲ့ ဆီးရီးယား တို့ မှာ ကြေညာ ထားတဲ့ အစ္စလာမ်မစ် နိုင်ငံ ခါလီဖိတ် အတွက် နေရာ တိုင်း မှာ ရှိတဲ့ မွတ်ဆလင်မ် တွေ အနေနဲ့ တိုက်ခိုက် ကြဖို့ တိုက်တွန်း ထားပါတယ်။
ဒီ မိန့်ခွန်း ဟာ Abu Bakr al-Baghdadi ရဲ့ အသံ အစစ်အမှန် ဟုတ်မဟုတ် စမ်းစစ် မှု တွေ တော့ မပြုလုပ် ရ သေးပါဘူး။
တခါ၊ ဆီးရီးယား နိုင်ငံ ရဲ့ ရှေးဟောင်း အမွအနှစ်မြို့ ဖြစ်တဲ့ ပါလ်မိုင်းယား သာIS တွေ လက်ထဲ ကျရောက် သွားမယ် ဆိုရင် ယဉ်ကျေးမှု လက်ရာ ပစ္စည်းတွေ အဖျက်စီး ခံရတော့ မယ် ဆိုပြီး ဆီးရီးယားရဲ့ ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ အကြီးအကဲ က သတိပေး လိုက်ပါတယ်။
ပါလ်မိုင်းယား ဟာ အရှေ့အလယ် ဒေသတွင်း အကြီးကျယ် အခမ်းနားဆုံး ရှေးဟောင်း အမွေအနှစ် တွေထဲ ပါဝင် ပြီး ယူနက်စကို ကလည်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ တစ်ခု အဖြစ် အသိအမှတ် ပြုထားပါတယ်။
အခုဆိုရင် IS တွေဟာ ပါလ်မိုင်းယား အနီးက ကျေးရွာ တစ်ခုကို စီးနင်း ခဲ့ကြပြီး အရပ် ၂၀ ကျော်ကို ခေါင်းဖြတ် သတ်တာ အပါအဝင် သတ်ဖြတ် ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပါတယ်။
IS အဖွဲ့ ဟာ အီရတ် နိုင်ငံထဲ မှာ သူတို့ သိမ်းပိုက် ခဲ့တဲ့ ရှေးမြို့တော် တွေ ရဲ့ အဖိုး မဖြတ်နိုင် တဲ့ အမွေအနှစ် ပစ္စည်း တွေ ကို ဖျက်စီး ခဲ့ကြပြီး ဖြစ်ပါတယ်။




