ဆီး​ရီး​ယား​သူပုန်​တွေ​ကို အမေ​ရိ​ကန် စစ်​သင်တန်းပေး

syria_attack_

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ဆီးရီယားပြည်တွင်းစစ် မှာ သမ္မတ အာဆတ်ရဲ့ အစိုးရတပ်၊ သူပုန် လက်နက်ကိုင် အမျိုးမျိုး နဲ့ IS အဖွဲ့ စသဖြင့် အုပ်စုကွဲ အမျိုးမျိုး တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပါတယ်။

ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ရင်ဆိုင် နိုင် စွမ်း ရှိတဲ့ အင်အားစု တစ်ရပ် တည်ဆောက် တဲ့ အနေနဲ့ ဆီးရီးယား သူပုန် အဖွဲ့ တစ်ခု ကို အမေရိကန် စစ်တပ် ကနေ စစ်ရေး လေ့ကျင့် ပေးမှု စတင် လိုက်ပြီ ဖြစ်ပါ တယ်။

လျှို့ဝှက် နေရာ တစ်ခု မှာ လူ ၉၀ ၀ န်းကျင် ကို စတင် လေ့ကျင့် ပေးနေပြီ လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ က အတည်ပြု ပြောကြား ပါတယ်။

နောက်ထပ် တိုက်ခိုက်ရေး သမားတွေ အတွက် စစ်သင်တန်း တွေ လည်း မကြာမီ စတင်လာ ဖို့ ရှိတယ် လို့ မစ္စတာ ကာတာ က ပြောပါတယ်။

အခု စစ်သင်တန်းဟာ ဂျော်ဒန် နိုင်ငံထဲ မှာ ပြုလုပ် နေတာ ဆိုတဲ့ သတင်း တွေ ထွက် ပေါ် နေပြီး တူရကီ၊ ကာတာ နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ တွေ ထဲ မှာလည်း အလား တူ ဖွင့် လှစ် သွားနိုင် ဖွယ်ရာ ရှိပါတယ်။

သတင်းတစ်ခု ရဲ့ အဆိုအရ ဒီ စစ်သင်တန်း တွေ မှာ ပါဝင်ဖို့ ဆီးရီးယား က တိုက်ခိုက်ရေး သမား ၄ ထောင် နီးပါး စာရင်း ပေး ခဲ့ပြီး၊ စိစစ်မှု တွေ တင်းတင်းကြပ်ပြပ် လုပ်ကာ လူ ၄၀၀ ကိုသာ လေ့ကျင့် ပေး မှာ ဖြစ်ပါတယ်။