ပါကစ္စတန် ရဟတ်ယာဉ် ပျက်ကျ၊ သံတမန် အချို့ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
ပါကစ္စတန် နိုင်ငံ မြောက်ပိုင်းက တောင်ထူထပ်တဲ့ ဒေသမှာ စစ်ဘက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ သွားတဲ့ အတွက် နော်ဝေးနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက သံအမတ်ကြီးတွေ အပါအဝင် လူ ၇ ဦး သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေ ထဲမှာ အင်ဒိုနီးရှားနဲ့ မလေးရှား သံတမန်တွေရဲ့ ဇနီးသည်တွေလည်း ပါဝင်ပြီး ရဟတ်ယာဉ်မှူး ၂ ဦးနဲ့ လေယာဉ် ဝန်ထမ်း တစ်ဦးလည်း ပါဝင်ပါတယ်။
ပိုလန်နဲ့ ဒတ်ရှ် သံအမတ်တွေ အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ပါကစ္စတန် စစ်ဘက် ပြောခွင့်ရသူက ဆိုပါတယ်။
အဲဒီ MI-17 ရဟတ်ယာဉ် ပေါ်မှာ နိုင်ငံခြားသား ၁၁ ယောက်နဲ့ ပါကစ္စတန် ၆ ယောက် လိုက်ပါခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီရဟတ်ယာဉ်ကို ပါကစ္စတန် တာလီဘန်တွေက သူတို့ ပစ်ချခဲ့တာလို့ ပြောပေမယ့် ပါကစ္စတန် အစိုးရကတော့ ပစ်ချခံရတာ မဟုတ်ကြောင်း ငြင်းဆို ထားပါတယ်။
အစောပိုင်း အစီရင်ခံစာတွေ အရ ဒါဟာ မတော်တဆမှုသာ ဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး Khawaja Asif က ပြောပါတယ်။




