ကွန်ဆာဗေးတစ် အစိုးရ ဖွဲ့နိုင်ဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, AP
ဗြိတိန်ရွေး ကောက်ပွဲ မဲရလဒ် တွေ ညလုံး ပေါက် ရေတွက် ခဲ့ပြီး၊ မဲဆန္ဒ နယ်မြေ တဝက်ကျော် ရေပြီး ချိန်မှာတော့ ကွန်ဆာ ဗေးတစ် ခေါင်းဆောင် ဒေးဗစ်ကမ်မရွန်း ဟာ နောက်ထပ် ဝန်ကြီးချုပ် သက်တန်း အတွက် ဦးဆောင် နေပြီ ဖြစ်ပါတယ်။
အနိုင်ရတဲ့ အမတ် နေရာ အရေ အတွက်ဟာ လေဘာ ပါတီထက် ပိုများလာ နေပြီး ကွန်ဆာဗေးတစ် ဟာ သူ့ တပါတီတည်း အစိုးရ ဖွဲ့နိုင်ဖွယ် ရှိနေပါတယ်။
မစ္စတာ ကမ်မရွန်းက လူတိုင်း အတွက် အလုပ် အကျွေး ပြုမှာ ဖြစ်ပြီး ယူကေ ကို အတူ တကွ ညီညွတ်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ကတိပေး ပြောကြား သွားပါတယ်။
အဓိက အတိုက် အခံ လေဘာပါတီ ခေါင်းဆောင် အက်ဝက်ဒ် မီလီဘန်း ကတော့ အခု အချိန် အထိ ရလဒ်တွေ အရ စိတ်ပျက်စရာ ကောင်းပြီး ခက်ခဲလှတဲ့ ညတည ဖြစ်ခဲ့ ရတယ်လို့ ပြောပါတယ်။
သူ့ ပါတီဟာ အင်္ဂလန်မှာ ရလဒ် မကောင်းသလို စကော့တလန် မှာတော့ အမျိုးသား ရေးပါတီ ကို အများကြီး ရှုံးနိမ့် သွားတယ်လို့ ပြောပါတယ်။
ညွန့်ပေါင်း အစိုးရ မှာပါတဲ့ လစ်ဘရယ် ဒီမိုကရက် ပါတီ ကတော့ အကြီးအ ကျယ် ရှုံးနိမ့် နေပါတယ်။




