ရုရှ အပစ်ရပ် ချိုးဖောက်လို့ ကန်စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်း အရှေ့ပိုင်း မှာ ရုရှက လေကြောင်း ကာကွယ်ရေး စနစ်တွေ ထားရှိဖို့ ပြင်ဆင် နေတယ် လို့ အမေရိကန် က ရုရှကို စွပ်စွဲ လိုက်ပါတယ်။
ဒါဟာ ဥရောပ သမဂ္ဂ က စီစဉ် ပေးတဲ့ အပစ်ရပ်စဲရေး သဘော တူညီချက် ကို ချိုးဖောက် တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ရုရှဟာ ဒေသတွင်း မှာ တပ်ဖွဲ့တွေ ထပ်ပို့ နေတယ် ၊ ရုရှ ဘက်သား ခွဲထွက်ရေး သမားတွေကို သင်တန်းပေး နေသလို လူမပါတဲ့ လေယာဉ် တွေနဲ့ ပျံသန်း နေတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး Marie Harf က ပြောကြား ခဲ့ပါတယ်။
ယူကရိန်းမှာ ရုရှ တပ်ဖွဲ့တွေ စေလွှတ် ထားတာ မရှိဘူးလို့ ရုရှက ပယ်ချ ခဲ့ပါတယ်။
အမေရိကန် ကတော့ အဲဒိမှာ ရုရှ တပ်သား ၁၂,ဝဝဝ လောက် ရှိမယ်လို့ ယူဆ ပါတယ်။




