ယူကရိန်း ငြိမ်းချမ်းရေး ပူတင် ဖိအားပေး

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှနဲ့ ယူကရိန်းကြား ယူကရိန်း အရှေ့ပိုင်း အရေး အတွက် ကမ္ဘာ ပျက်တဲ့ အထိ စစ်ကြီး ဖြစ်ပွားဖို့ မဖြစ်နိုင် ပါဘူးလို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြား လိုက်ပါတယ်။
ဘယ်လာရုစ် နိုင်ငံက ကမကထ ပြု စေ့စပ်ပြီး လုံခြုံရေး ကောင်စီ က အတည်ပြု ပေးခဲ့တဲ့ ယူကရိန်း အရှေ့ပိုင်း ငြိမ်းချမ်းရေး သဘော တူညီမှု ကို သူက ထောက်ခံကြောင်း ရုရှ ရုပ်မြင် သံကြား က မစ္စတာ ပူတင် က အလေးပေး ပြောကြား ခဲ့ပါတယ်။
ဒီ ပဋိပက္ခ မှာ ရုရှ တပ်တွေ ပါနေတယ် ဆိုတဲ့ စွပ်စွဲ ချက်ကိုတော့ သူက ထပ်မံ ပယ်ချ ခဲ့ပြန် ပါတယ်။
သတ္တုတွင်းတူး သမားတွေနဲ့ ကုန်ကား မောင်းတဲ့သူ တွေကို အနိုင်မတိုက်နိုင်ဘူး ပြောရင် ဂုဏ်ငယ် မှာ စိုးလို့ ရုရှ တပ်ကို ယူကရိန်းက ရိုးစွပ် နေတယ် ဖြစ်နိုင်တယ်လို့ မစ္စတာ ပူတင်က ပြောကြား ခဲ့ပါတယ်။




