အီ​ဂျစ်​မှာ မြို့တော်​သစ် တည်မယ်

egypt_economic_conference

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အီဂျစ် မြို့တော်သစ် တည်မယ့် အကြာင်း စီးပွားရေး ညီလာခံ မှာ တရားဝင် ထုတ်ပြန်။

အီဂျစ်နိုင်ငံ မှာ လက်ရှိ မြို့တော် ကိုင်ရို ရဲ့ အရှေ့ဘက် အရပ် မှာ မြို့တော် အသစ် တည်ဆောက်မယ် လို့ အီဂျစ် အစိုးရ က တရားဝင် ကြေညာ လိုက်ပါ တယ်။ အဲဒီ့ မြို့တော် အသစ် မှာ အီဂျစ် ပါလီမန် အပါအဝင်၊ အစိုးရ ဝန်ကြီး ရုံးတွေ နဲ့ နိုင်ငံခြား သံရုံး တွေ ပြောင်းရွှေ့ အခြေစိုက် ကြ မှာ ဖြစ်ပါ တယ်။

မြို့တော် အသစ် ဟာ စင်္ကာပူ အရွယ် အစားလောက် ရှိဖို့ ရည်ရွယ် ထားပြီး လူဦးရေ ၇ သန်း နေထိုင် ဖို့ လိုအပ်သမျှ တွေ ကို ဖြည့်စည်း ပေးမယ် လို့ ဆိုပါတယ်။

လူဦးရေ အဆင်မတန် တိုးတက် များပြား လာပြီး ရှုပ်ထွေး ကြပ်သပ်လာတဲ့ ကိုင်ရိုမြို့ ကနေ လူတွေ ခွဲထုတ် နိုင်ဖို့ အဓိက ရည်ရွယ် တာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

ဒါပေမယ့် အီဂျစ် နိုင်ငံ မှာ အခုလို စီမံကိန်း အကြီးအကျယ် တွေ လုပ်ဆောင်တဲ့ အခါ တဝက်တပျက် နဲ့ ရပ်တန့် သွားခဲ့တဲ့ သာဓက တွေ ရှိတယ်လို့လည်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

အီဂျစ် နိုင်ငံ စီးပွားရေး ပြန်လည် တိုးတက် ကောင်းမွန် လာဖို့ ရည်ရွယ် လုပ်ဆောင် နေတဲ့ ညီလာခံ မှာ မြို့တော်သစ် တည် မယ့် အစီအစဉ် ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။