တိကရစ် မြို့တွင်းအထိ အီရတ် ထိုးစစ်ဆင်နိုင်

အစိုးရတပ်တွေက မြို့တွင်းက IS တွေကို အဘက်ဘက်က ဝိုင်းထားမိ

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, အစိုးရတပ်တွေက မြို့တွင်းက IS တွေကို အဘက်ဘက်က ဝိုင်းထားမိ

အီရတ် နိုင်ငံမှာ တိကရစ် မြို့ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ လက်ထဲကနေ ပြန်လည် သိမ်းယူနိုင်ဖို့ တိုက်ခိုက် နေရာမှာ အစိုးရ တပ်ဖွဲ့တွေက စစ်မျက်နှာ အဘက်ဘက်မှာ အသာစီး ရနေပြီး IS တပ်တွေ မြို့လယ်အထိ ဆုတ်ခွာ နေရပြီလို့ အီရတ် အရာရှိတွေက ပြောပါတယ်။

အီရတ် တပ်ဖွဲ့တွေနဲ့ ရှီအာ လက်နက်ကိုင်တွေက ရဲဌာနချုပ် တစ်ခုနဲ့ ဆေးရုံ တစ်ခု အပါအဝင် တိကရစ်မြို့ မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်းပိုင်းက အချက်အချာ နေရာတွေကို IS တွေ လက်ထဲကနေ သိမ်းပိုက် လိုက်နိုင်ပြီလို့ သတင်းတွေ ရရှိပါတယ်။

တိကရစ် မြို့ရဲ့ ၇၅ ရာနှုန်းကို အစိုးရ တပ်ဖွဲ့တွေက ထိန်းချုပ် လိုက်နိုင်ပြီ လို့လည်း ရှီအာ လက်နက်ကိုင် တပ်မှူး တစ်ယောက်က ပြောပါတယ်။

ဆက်ဒမ် ဟူစိန်ရဲ့ ဇာတိမြို့ ဖြစ်တဲ့ တိကရစ် မြို့ကို ပြန်လည် သိမ်းယူတဲ့ စစ်ဆင်ရေးမှာ တပ်ဖွဲ့ဝင် စုစုပေါင်း ၂ သောင်း ၃ ထောင်လောက် ပါဝင်တယ်လို့ ယုံကြည်ရ ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လက အီရတ် နိုင်ငံ အနှံ့အပြားကို IS စစ်သွေးကြွတွေ သိမ်းယူခဲ့ပြီး နောက်ပိုင်း ဒီစစ်ဆင်ရေးဟာ အီရတ် အစိုးရရဲ့ အကြီးဆုံး ထိုးစစ်ဆင်မှု ဖြစ်ပါတယ်။