ထိကရိမြို့ရဲ့ နေရာတချို့ ပြန်ရပြီလို့ အီရတ်အစိုးရပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ် အစိုးရတပ် တွေ နဲ့ ရှီအာ လက်နက်ကိုင် တပ်ပေါင်းစု တွေဟာ အစ္စလာမ်မစ် လက်နက်ကိုင် IS တွေ လက်ထဲ ကနေ ထိကရိမြို့ ရဲ့ အစိတ်အပိုင်း တချို့ ကို ပြန်လည် သိမ်းပိုက် လိုက်တယ် လို့ အီရတ် အာဏာပိုင် တွေ က ပြောပါ တယ်။
ထိကရိမြို့ မြောက်ဘက် က အာလမ် ဆိုတဲ့ မြို့ကို ရှေးဦးစွာ သိမ်းခဲ့ ကြပြီးတဲ့ နောက် အခုလို ထိကရိ မြို့ ရဲ့ နယ်မြေ တချို့ ကိုပါ သိမ်းယူ လိုက်နိုင် တဲ့ ထိုးစစ် စတင် ခဲ့တာ ဖြစ်တယ် လို့ လည်း ဆိုပါတယ်။
အစိုးရတပ် ရဲ့ ထိုးစစ်ကို ဟန့်တားဖို့ IS တွေဟာ ထိကရိ မြို့ တလွှား မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင် ထားတယ် လို့ မြို့ခံတွေ ကရော အီရတ် အစိုးရ ကပါ ပြောနေ ပါတယ်။
ထိကရိ မြို့သိမ်း တိုက်ပွဲတွေဟာ IS တွေ အပေါ် အီရတ် အစိုးရ တိုက်ခိုက် ခဲ့သမျှ တွေထဲ အကြီးဆုံး ထိုးစစ် ပဲ ဖြစ်ပါတယ်။
ဒီ ထိုးစစ် တွေ မှာ အီရန် စစ်ရေး အကြံပေးတွေ ရဲ့ အကူအညီ နဲ့ ဆောင်ရွက် နေကြပြီး၊ အမေရိကန် ရဲ့ လေကြောင်းပစ်ကူ တော့ ရရှိ မနေပါဘူး။




