ယူကရိန်း အရှေ့ပိုင်း တိုက်ခိုက်မှုတွေ ပြန့်ပွားလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ယူကရိန်း အရှေ့ဘက်ပိုင်းက သူပုန်တွေ အဓိက ထိန်းချုပ်ထားတဲ့ ဒွန်းညက်စ်မြို့ တဝိုက်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပွား နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူ ထားခဲ့တဲ့ အပစ်ရပ်ရေး သဘောတူချက်ဟာ ပျက်စီး တော့မယ့်ပုံ ရှိနေပါတယ်။
ပစ်ခတ်မှု အများအပြား ကတော့ ဒွန်းညက်စ်မြို့ လေဆိပ် အနီးမှာ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
တောင်ပိုင်းမှာတော့ သူပုန်တွေက အစိုးရ ထိန်းချုပ်ထားတဲ့ မာရီပူလ်မြို့ အနီးတဝိုက် နေရာတွေကို တိုက်ခိုက် နေဆဲ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
သူပုန်တွေ လက်ထဲကို ဒဗော့ဆက်ဗ်မြို့ ကျခဲ့ပြီး နောက်တစ်နေ့မှာပဲ အခု တိုက်ခိုက်မှုတွေ ပေါ်ပေါက် လာတာပါ။
အပစ်ရပ်ရေး သဘောတူချက်ကို ချိုးဖောက်တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီ ခေါင်းဆောင်တွေက တယ်လီဖုန်းနဲ့ ပြောဆို ရှုတ်ချ ခဲ့ပါတယ်။




