ဒွန်းညက်စ်မြို့ လက်နက်ကြီး ပစ်ခတ်မှု အပေါ် အမေရိကန် စိုးရိမ်

ဓာတ်ပုံ ရင်းမြစ်, AP
ယူကရိန်း အရှေ့ပိုင်း ခွဲထွက်ရေး သူပုန်တွေ ထိန်းချူပ် ရာ အဓိက မြို့ဖြစ် တဲ့ ဒွန်းညက်စ် မှာ လက်နက်ကြီး ပစ်ခတ်မှု တွေ အကြီးအကျယ် ရှိနေတယ် ဆိုတဲ့ သတင်းတွေ ထွက်လာ ခဲ့ပြီးတဲ့ နောက် အခုလို အပစ်ရပ် သဘောတူမှု ကို ချိုးဖောက် နေတဲ့ သတင်း တွေ အပေါ် အလွန် စိတ် မသက် မသာ ဖြစ် ရတယ် လို့ အမေရိကန် အစိုးရ က ပြောပါတယ်။
အရင် သီတင်းပတ် တုန်း က ရေးထိုးထား တဲ့ အပစ်ရပ် သဘောတူမှု ဟာ အမည်ခံသာ ကျန်တော့တယ် ဆိုပြီး နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း တပ်မှုး တစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဖိလစ်ပ် ဘရိဒ်လဗ် က ဆိုပါတယ်။
ယူကရိန်း အရှေ့ပိုင်း က ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ ရဲ့ ပြောခွင့်ရ တစ်ယောက် ဖြစ်တဲ့ အက်ဒ်ဒွပ် ဘာဆူရင် ကတော့ ဒွန်းညက်စ် မြို့ က သူတို့တပ် တွေ ဟာ မဟာဗျုဟာ ကျရာ တောင်ဘက်ပိုင်း ဆိပ်ကမ်းမြို့ မာရီအူပိုးလ် အပါအဝင် ဘယ် နေရာကို မှ ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ရည်ရွယ် မထားကြောင်း ပြောပါတယ်။
တခါ၊ ယူကရိန်း အရှေ့ဘက်ခြမ်း ဒေသတွေ ကို သွယ်တန်း ထားတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတွေ ထိခိုက် ပျက်စီးမှုကြောင့် ယူကရိန်း အစိုးရ က အဲဒီ့ ဒေသတွေ ကို ဓာတ်ငွေ့ ပေးပို့မှု ဖြတ်တောက် ခဲ့တဲ့နောက် အခုဆို ရုရှား ရဲ့ စွမ်းအင် ကုမ္ပဏီကြီး ဖြစ်တဲ့ Gazprom က သူပုန်တွေ ထိန်းချုပ် ရာ အရှေ့ခြမ်း ဒေသတွေ ကို ဓာတ်ငွေ့ တွေ တိုက်ရိုက် ပေးပို့မှု စတင် လုပ်ဆောင် လာပါတယ်။
ခွဲထွက်ရေး သူပုန်တွေ ကို ပေးပို့တဲ့ ဓာတ်ငွေ့တွေ အတွက် ကုန်ကျငွေ ပေးမှာ မဟုတ်ဘူး ဆိုပြီး ယူကရိန်း ဓာတ်ငွေ့လုပ်ငန်း Naftogaz က ငြင်းဆို လိုက်ပြီး တိုက်ပွဲတွေ ပြီးဆုံး ပြီ ဆိုရင် ချက်ချင်း ဆိုသလို ဓာတ်ငွေ့ ပိုက်လိုင်း တွေ ပြင်ဆင်မယ် လို့လည်း Naftogaz က ဆိုပါတယ်။




