IS တွေ အီရတ်မှာ မြို့သိမ်းနိုင်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရတ်နိုင်ငံ အနောက်ဘက်ပိုင်း အယ်လ် ဘဂ္ဂဒါဒီ မြို့ကို အစ္စလာမ္မစ် လက်နက်ကိုင် IS တွေက သိမ်းပိုက် လိုက်ကြောင်း အမေရိကန် က အတည်ပြု ပြောကြားပါတယ်။
အဆိုပါ အယ်လ် ဘဂ္ဂဒါဒီ မြို့ အနီးမှာ အမေရိကန် လေတပ် အခြေစိုက် စခန်း တစ်ခုလည်း ရှိပြီး အီရတ် အစိုးရ တပ်သားတွေ ကို လေ့ကျင့်ပေးဖို့ အမေရိကန် မရိန်းတပ်သား ၃၀၀ တပ်ချ ထားပါတယ်။
ပြီးခဲ့တဲ့ ၂ လ လောက် အတွင်း ပထမဆုံး အကြိမ် IS တွေ အနေနဲ့ နယ်မြေသစ် သိမ်းပိုက် နိုင်တာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချူပ် ပဲန်တဂန် ရဲ့ ပြောခွင့်ရ ဂျွန်ကာဘီ က ဆိုပါတယ်။
အခုလို IS တွေ မြို့သိမ်း နိုင်တာဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် အဖွဲ့တွေ ရဲ့ IS ချေမှုန်းရေး အစီအမံ အတွက်၊ အဓိက ရှုံးနိမ့်မှု တစ်ရပ်လား ဆိုတာကိုတော့ ဂျွန်ကာဘီ က ငြင်းဆို ခဲ့ပါတယ်။




