ယူကရိန်း ပဋိပက္ခ အဆုံးသတ်ဖို့ မလွယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း အရှေ့ခြမ်း ပဋိပက္ခတွေ အဆုံးသတ်ဖို့ နောက်ဆုံး ဆွေးနွေးပွဲတွေ အရ မဖြစ်နိုင်ဘူးလို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲ က ပြောကြား ပါတယ်။
ဒါပေမဲ့ မော်စကိုမှာ ရုရှ သမ္မတ ပူတင်ကို ပြင်သစ် သမ္မတ နဲ့ တွေ့ဆုံ ခဲ့ရတာ ကတော့ အမြတ် ထွက်တယ်လို့ သူက ပြောပါတယ်။
ယူကရိန်းမှာ သူပုန်တွေကို ရုရှ ဝင်ပြီး ထောက်ခံ နေလို့ ဥရောပ ငြိမ်းချမ်းရေး ထိခိုက် နေတယ်လို့ မစ္စစ် မာကဲ က စွပ်စွဲ လိုက်ပါတယ်။
ဒါပေမဲ့ ယူကရိန်း အစိုးရကို လက်နက် တပ်ဆင် ပေး မယ့် အစီအစဉ် ကိုတော့ သူက ကန့်ကွက် ပြောကြား ခဲ့ပါတယ်။
မြူးနစ်မြို့မှာ ဂျာမနီ ဝန်ကြီးချုပ်၊ အမေရိကန် ဒုသမ္မတနဲ့ ယူကရိန်း သမ္မတ စတဲ့ ခေါင်းဆောင်တွေ လုံခြုံရေး အစည်းအဝေး တက် နေကြ ပါတယ်။
အရင်ပတ်က ယူကရိန်း အရှေ့ပိုင်း အခြေအနေ ပိုဆိုးရွား လာပြီး ၂ ဘက် တပ်တွေက အရင် အပစ် ရပ်စဲရေး သတ်မှတ်ထားတဲ့ မျဉ်းကြောင်း ကို ချိုးဖျက် ခဲ့ကြပြီ လို့ နေတိုး အဖွဲ့ ဥရောပ ထိပ်တန်း တပ်မှူး က ပြောကြား လိုက်ပါတယ်။
ဒီတိုက်ပွဲမှာ ရုရှ တပ်သား တွေ ရာနဲ့ချီ ပါဝင်တာ တွေ့ရတယ် လို့ အမေရိကန် ဗိုလ်ချုပ်ကြီး Philip Breedlove က ပြောပါတယ်။
လေကြောင်း ကာကွယ်ရေး၊ မောင်းသူမဲ့ လေယာဉ်တွေ ထောက်ပံ့ တာမျိုး စစ်လက်နက် နည်းပညာ တွေနဲ့ သူပုန် တွေကို ရုရှ တပ်တွေက ကူနေတယ် လို့ သူက ပြောပါတယ်။








