တရုတ် တက္ကသိုလ်တွေ အနောက် စံနှုန်းတွေ ရှောင်ရမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံက တက္ကသိုလ် ကောလိပ်တွေမှာ အနောက်တိုင်း စံနှုန်း တန်ဖိုးတွေ ပါဝင်တဲ့ သင်ရိုးစာအုပ်တွေကို ရှောင်ကြဉ်ကြဖို့ တရုတ် ပညာရေး ဝန်ကြီး Yuan Guiren က ပြောလိုက်ပါတယ်။
အဆင့်မြင့် ပညာရေး တာဝန်ရှိသူတွေ အနေနဲ့ တက္ကသိုလ် ပြဋ္ဌာန်းစာတွေမှာ ကွန်မြူနစ် ပါတီရဲ့ ဦးဆောင်မှုကို ဝေဖန်တာမျိုးတွေ မပါဝင်စေအောင် သတိထားဖို့ ပညာရေး ဆွေးနွေးပွဲ တစ်ခုမှာ ဝန်ကြီး ယွမ်ဂူရန်က ပြောခဲ့တာပါ။
၂၀၁၂ ခုနှစ်မှာ သမ္မတ ရှီဂျင်ပင်း တက်လာပြီးနောက်ပိုင်း ကွန်မြူနစ် ဝါဒကို ပိုမို ခိုင်မာအောင် လုပ်ဆောင် လာခဲ့ရာမှာ ပညာရေး အပိုင်းမှာလည်း ချုပ်ထိန်းမှုတွေ ပြုလုပ် လာခဲ့ပါတယ်။
ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်သူ ပါမောက္ခ အတော်များများလည်း အလုပ်ပြုတ်၊ အဖမ်းခံရတာမျိုးတွေ ရှိခဲ့ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီ အနေနဲ့ ပါတီစုံ ရွေးကောက်ပွဲတို့၊ သတင်း လွတ်လပ်ခွင့်တို့ ဆိုတာတွေကို အနောက်တိုင်း အယူအဆတွေ အဖြစ် သတ်မှတ်ထားပါတယ်။




