တရုတ် စီးပွားရေး တိုးတက်နှုန်း ၂၄ နှစ်အတွင်း အနိမ့်ဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု နှုန်းဟာ ၂၀၁၃ မှာ ၇ ဒသမ ၇ ရာနှုန်း ရှိခဲ့ရာမှ ၂၀၁၄ မှာ ၇ ဒသမ ၄ ရာနှုန်းကို နိမ့်ဆင်း ခဲ့ပြီး ၂၄ နှစ် အတွင်း အနိမ့်ဆုံး နှုန်းထားကို ရောက်ရှိ သွားခဲ့ပါတယ်။
ဒါဟာ တရုတ် အစိုးရက တရားဝင် ထုတ်ပြန်တဲ့ ခန့်မှန်းခြေ တိုးတက်နှုန်း ဖြစ်တဲ့ ၇ ဒသမ ၅ ရာနှုန်း အောက်ကို ၁၅ နှစ် အတွင်း ပထမဆုံး အကြိမ် ရောက်ရှိ သွားတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှုန်းထားဟာ စျေးကွက်က ခန့်မှန်းတဲ့ ၇ ဒသမ ၂ ရာခိုင်နှုန်း ထက်တော့ မြင့်မား ခဲ့ပါတယ်။
တရုတ် အစိုးရ အနေနဲ့ အလုပ်မဖြစ်တဲ့ အစိုးရပိုင် လုပ်ငန်းတွေက အလုပ်အကိုင် တွေကို လျှော့ချမှာ ဖြစ်လို့ တရုတ် ပြည်သူတွေ အနေနဲ့ ကြမ်းတမ်းတဲ့ ပြုပြင် ပြောင်းလဲရေး တွေနဲ့ ကြုံရဖွယ် ရှိတယ်လို့ တရုတ် အစိုးရက သတိပေး ထားပါတယ်။




