ဖိလစ်ပိုင်မှာ လူ ၆ သန်းကို ပုပ် တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရှခရီးစဉ်နောက်ဆုံးနေ့အဖြစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ သန်းနဲ့ချီတဲ့ လူစုလူဝေးကြီးကို တွေ့ဆုံစကားပြောခဲ့ပါတယ်။
စုစုပေါင်း လူ ၆ သန်းလောက် လာကြတယ်လို့ မြို့အာဏာပိုင်တွေက ခန့်မှန်းပါတယ်။
ဒါဟာဆိုရင် ၁၉၉၅ တုန်းက ဖိလစ်ပိုင်ကို ဒုတိယမြောက် ပုပ် ဂျွန်ပေါလ် လာပြီးကတည်းက လူအများဆုံး လာရောက်တဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးရဲ့ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ယာဉ်ဖြတ်သွားတဲ့အချိန်မှာ လူတွေက မိုးရွာနေတဲ့ကြားကပဲ ခရစ်ယန်သီချင်းတွေဆိုပြီး လက်ပြ နှုတ်ဆက်ခဲ့ကြပါတယ်။
မရှိဆင်းရဲသားတွေအပေါ် ဂရုဏာထားပြီး အာရုံပိုစိုက်တဲ့ ပုပ်ရဟန်းမင်းကြီးအပေါ် ဖိလစ်ပိုင်နိုင်ငံသားတွေက အတော်လေးစားကြည်ညိုကြတယ်လို့ ဖိလစ်ပိုင်က ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဖိလစ်ပိုင် လူဦးရေ သန်း ၁၀၀ လောက်မှာ ရိုမန်ကက်သလစ်ဘာသာဝင် သန်း ၈၀ လောက်ရှိပါတယ်။




