အစ္စလာမ် အစွန်းရောက် ပြဿနာကို ၂ နိုင်ငံ ပူးပေါင်း ကာကွယ်မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စလာမ် ဘာသာရေး အစွန်းရောက်မှု ပြဿနာ ကို ကိုင်တွယ် နိုင်ဖို့ အတွက် အမေရိကန် နဲ့ ဗြိတိန် အစိုးရ အရာရှိ တွေ ပူးပေါင်း ထားတဲ့ အဖွဲ့ တစ်ခု ထူထောင် လိုက်တဲ့ အကြောင်း အမေရိကန် သမ္မတ အိုဘားမား နဲ့ ဗြိတိသျှ ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်း တို့က ကြေညာ လိုက်ပါတယ်။
ဗြိတိန် နိုင်ငံ မှာ ရှိတဲ့ အစိုးရ ဌာန တွေ အားလုံးဟာ အစွန်းရောက် ဝါဒကို တိုက်ဖျက် ဖို့ ဥပဒေ အရကို တာဝန် ရှိတယ် ဆိုပြီး တော့လည်း ဝန်ကြီးချူပ် ကင်မရွန်း က ဆိုပါတယ်။
အမေရိကန်နဲ့ ဗြိတိန် ခေါင်းဆောင် တွေဟာ အိမ်ဖြူတော် မှာ ၂ နိုင်ငံ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ အကြောင်း ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ခဲ့ကြပြီးတဲ့ နောက် အခုလို ထုတ်ပြန် လိုက်တာ ဖြစ်ပါ တယ်။
အင်တာနက် လုံခြုံရေး နဲ့ ပတ်သက်ပြီးတော့လည်း ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက် ကြမယ့် အကြောင်း ဝန်ကြီးချူပ် ကင်မရွန်း က ပြောပါတယ်။
သမ္မတ အိုဘားမား နဲ့ ဝန်ကြီးချူပ် ကင်မရွန်း တို့ရဲ့ ပြောဆိုချက် ထဲမှာ အီရန် အပေါ် ထပ်မံ ပိတ်ဆို့ မှု တွေ လုပ်ရင် မလိုလားအပ်တဲ့ ရလာဒ် တွေသာ ထွက်ပေါ် လာနိုင်တယ် လို့ ဆိုပြီး၊ ရုရှား အရေးနဲ့ ပတ်သက်လို့ တော့ ယူကရိန်း ထဲကနေ ရုရှား တပ်တွေ ဆုတ်ခွာ မသွားမချင်း ရုရှား အပေါ် မှာ တင်းကြပ်တဲ့ အရေးယူမှု တွေ ဆက်လက် ထားရှိ ဦးမယ် လို့ ပါဝင် ပါတယ်။




