ပုပ်ရဟန်းမင်း ဖိလစ်ပိုင်ကို ရောက်ရှိလာ

ဖိလစ်ပိုင်မှာ လူဦးရေ အများစုက ကက်သလစ် ဘာသာဝင်တွေ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်မှာ လူဦးရေ အများစုက ကက်သလစ် ဘာသာဝင်တွေ ဖြစ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ရိုမန် ကက်သလစ် ဘာသာဝင် သန်း ၈၀ ရှိတဲ့ ဖိလစ်ပိုင် နိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးအဖြစ် ဒီကနေ့ ကြာသပတေးနေ့မှာ ရောက်ရှိ လာပါတယ်။

ဖိလစ်ပိုင် သမ္မတ Benigno Aquino က ပုပ်ရဟန်းမင်းကို မနီလာ လေဆိပ်မှာ ဆီးကြို ခဲ့ပြီး နိုင်ငံ အနှံ့က ခရစ်ယာန် ဘုရားကျောင်း တွေကလည်း ခေါင်းလောင်းတွေ ထိုးပြီး ဆီးကြို ခဲ့ကြပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာတော့ မနီလာမြို့မှာ လဟာပြင် လူထု ဆုတောင်းပွဲ တစ်ရပ်ကို ကြီးကျယ် ခမ်းနားစွာ ကျင်းပဖို့ ရှိပါတယ်။

၂၀၁၃ နိုဝင်ဘာလက တိုင်ဖွန်း မုန်တိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ Tacloban မြို့ကိုလည်း ပုပ်ရဟန်းမင်း သွားရောက်ဖို့ စီစဉ် ထားတယ်လို့ ဆိုပါတယ်။

၁၉၇၀ နဲ့ ၁၉၉၅ ခုနှစ် တွေတုန်းက အရင် ပုပ်ရဟန်းကြီး နှစ်ပါးကို ဖိလစ်ပိုင်မှာ လုပ်ကြံဖို့ ကြိုးပမ်းမှု နှစ်ကြိမ် ဖြစ်ခဲ့တဲ့အတွက် လုံခြုံရေးကို အထူး တင်းကျပ် ထားပါတယ်။