အမှန်တရား ရှာဖွေကြဖို့ သီရိလင်္ကာကို ပုပ်ရဟန်းမင်း တိုက်တွန်း

ပုပ်ရဟန်းမင်းကို သမ္မတသစ် Maithripala Sirisena က ဆီးကြို

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပုပ်ရဟန်းမင်းကို သမ္မတသစ် Maithripala Sirisena က ဆီးကြို

သီရိလင်္ကာ နိုင်ငံကို ဒီကနေ့ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သီရိလင်္ကာ ပြည်တွင်းစစ် ပြီးဆုံးပြီး ၅ နှစ် ကြာလာတဲ့ အခုအချိန်မှာ အမှန်တရားကို ရှာဖွေကြဖို့ တိုက်တွန်း လိုက်ပါတယ်။

သူက ဒါဟာ ဒဏ်ရာဟောင်းတွေကို ပြန်ဖော်ဖို့ မဟုတ်ဘဲ တရားမျှတမှု ရဖို့၊ အနာတရတွေကို ကုစားဖို့နဲ့ ညီညွတ်ရေး ရဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လူများစု Sinhalese တွေနဲ့ လူနည်းစု Tamil တွေအကြား ပြန်လည် သင့်မြတ်ရေး အတွက်လည်း သူက တိုက်တွန်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးကို လေဆိပ်မှာ သမ္မတသစ် Maithripala Sirisena က ကြိုဆို ခဲ့ပါတယ်။

လေဆိပ်ကို လာတဲ့ လမ်းဘေး တလျှောက်မှာ လူအုပ်ကြီးက သူ့ကို စီတန်း ကြိုဆိုခဲ့ပြီး တန်ဆာဆင်ထားတဲ့ ဆင်တွေကလည်း နှာမောင်းတွေကို ပုပ်ရဟန်းမင်းကြီး စီးလာတဲ့ ကားဆီ မြှောက်ပြီး ကြိုဆို ခဲ့ကြပါတယ်။