တိုက်ခိုက်ခံရတဲ့ ပါကစ္စတန် စာသင်ကျောင်း ပြန်ဖွင့်

ဓာတ်ပုံ ရင်းမြစ်, epa
ပြီးခဲ့တဲ့လက တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် ကလေးငယ် အများစု အပါအဝင် လူ ၁၅၀ ထက် မနည်း သေဆုံးခဲ့ရတဲ့ ပါကစ္စတန် နိုင်ငံ ပက်ရှ်ဝါ မြို့က စာသင်ကျောင်း ပြန်လည် ဖွင့်လှစ်တဲ့ ဒီကနေ့မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသားတွေ ပထမဆုံး ကျောင်းပြန် တက်ခဲ့ကြပါတယ်။
စစ်တပ်က ဖွင့်လှစ်တဲ့ အဲဒီ စာသင်ကျောင်း အတွင်းမှာ သေဆုံးခဲ့ကြသူတွေ အတွက် သတိရ အောက်မေ့ပွဲ အခမ်း အနားကိုလည်း ကျင်းပခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီ တိုက်ခိုက်မှု အပြီး ပိတ်ထားခဲ့တဲ့ နိုင်ငံ အနှံ့က စာသင်ကျောင်း တွေကိုလည်း ပြန်လည် ဖွင့်လှစ် နေကြပါတယ်။
ဒီ တိုက်ခိုက်မှု ဖြစ်ပွားအပြီးမှာ အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ အနေနဲ့ အကြမ်းဖက် သမားတွေ အပေါ် သေဒဏ် စီရင်မှုကို ပါကစ္စတန် အစိုးရက ပြန်ခွင့်ပြု လိုက်သလို၊ အကြမ်းဖက် မှုခင်းတွေကို စစ်ခုံရုံးဖွဲ့ စစ်ဆေးဖို့လည်း ချမှတ်ခဲ့ပါတယ်။




