ရေနံစျေး ကျလို့ ဥရောပ ဇုန်မှာ ငွေကျုံ့ဝင်မှု ကြုံတွေ့

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့ ရေနံစျေးနှုန်းတွေ ဆက်လက် ကျဆင်းနေရာမှာ ၂၀၀၉ ခုနှစ် နောက်ပိုင်း ပထမဆုံး အဖြစ် ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၅၀ အောက်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။
အခု ရေနံစျေးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရောင်း အဝယ် ဖြစ်တဲ့ စျေးထက် ၁၀ ရာခိုင်နှုန်း ပိုလျော့ကျ သွားတာ ဖြစ်ပါတယ်။
ရေနံ စျေးကျတဲ့ အတွက် ငွေကြေး ကျုံ့ဝင်မှု ဖြစ်ပြီး ဥရောပ ဇုန်အတွင်းမှာ စားသုံးကုန် စျေးနှုန်းတွေလည်း ပထမဆုံးအကြိမ် ကျဆင်း သွားခဲ့ပါတယ်။
ဝယ်လိုအားထက် ရောင်းလိုအားက ပိုများနေတဲ့ အတွက် စျေးထပ်ကျနိုင် သေးတယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက တစ်စည်ကို ၁၁၀ ဒေါ်လာ ကျော် ရှိခဲ့တဲ့ ရေနံစိမ်း စျေးဟာ ဒေါ်လာ ၄၀ အောက်အထိ ထပ်မံ ကျဆင်းသွားနိုင်တယ်လို့လည်း တချို့က ပြောပါတယ်။




