အိန္ဒိယမှာ ဂျပန် ခရီးသွားကို မတရား ပြုကျင့်

ဓာတ်ပုံ ရင်းမြစ်, epa
အိန္ဒိယ နိုင်ငံမှာ ဂျပန် ကျောင်းသူ တယောက် ကို တလကျော် ဖမ်းဆီး မတရားပြုကျင့်မှုနဲ့ အိန္ဒိယ အမျိုးသား ၅ ဦးကို ဖမ်းဆီး လိုက်ပါတယ်။
လူ ၂ ယောက်က ခရီးသွား လမ်းညွှန် အယောင်ဆောင် ပြီး ဒီအမျိုးသမီး နား ချည်းကပ် ခဲ့တယ်၊ နောက် သူ့ကို ဖမ်းဆီးပြီး ဗုဒ္ဓဂါယာ လို နေရာ တွေမှာ မတော် မတရား ပြုကျင့် ခဲ့တယ်လို့ ရဲ အရာရှိ တွေက ပြောပါတယ်။
ဗာရာဏသီမှာ ဂျပန် အမျိုးသမီး က ထွက်ပြေးပြီး ကာလ ကတ္တား မှာ ဂျပန် ကောင်စစ်ဝန် ဆီ ပြေးပြီး သတင်းပို့ တိုင်ကြား ခဲ့တာပါ။
တယောက်ထဲ သွားလာ နေတဲ့ အမျိုးသမီး တွေကို ပစ်မှတ်ထား တိုက်ခိုက်မှု တွေ ရှိနေတယ်လို့ အိန္ဒိယ ရဲက ပြောကြား ပါတယ်။




