ကမ္ဘာလှည့် အမျိုးသမီး အဓမ္မ ပြုကျင့်ခံရ

airport yangon
ဓာတ်ပုံ ပုံစာ, ကမ္ဘာလှည့် အဝင်များတဲ့ ကာလ ဖြစ်

ဒီဇင်ဘာလ ၂ဝ ရက် မနက် က မွန်ပြည်နယ် ကျိုက်ထို မြို့နယ် က ကင်မွန်းစခန်း ဒေသ မှာ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီး တယောက်ကို မတရား ပြုကျင့်မှု ဖြစ်ပွား ခဲ့ ပါတယ်။

ပီရူး နိုင်ငံသူ အမျိုးသမီး တယောက် ဓာတ်ပုံရိုက် သွားချိန်မှာ အမျိုးသား တယောက် က အဓမ္မ ပြုဖို့ ကြိုးစား လို့ ဝိုင်းဝန်း ဖမ်းဆီး ခဲ့တယ် လို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် က ဦးပြည်သိန်းကို က ပြောပြ ပါတယ်။

တရားခံ အမျိုးသား ကို ရဲစခန်းမှာ ထိန်းသိမ်း ထားပြီး နိုင်ငံခြားသူ အမျိုးသမီးကို မော်လမြိုင် ဆေးရုံ ပို့ထားတယ် လို့လည်း ပြောပါတယ်။

ဒီလို ကမ္ဘာလှည့် ခရီးသွား တွေကို ပစ်မှတ်ထား ကျူးလွန်တဲ့ မှုခင်းတွေ မြန်မာပြည်မှာ ဖြစ်တာ နည်းပါး ပေမယ့် ဖြစ်ပွား ခဲ့ရင် ခရီးသွား လုပ်ငန်းကို ထိခိုက် နိုင်တယ် လို့ သိရပါတယ်။

ကမ္ဘာလှည့် အလာများတဲ့ ပုဂံ၊ အင်းလေး လို နေရာ တွေမှာ ရဲ စောင့်ရှောက်မှု အားနည်း လို့ ကမ္ဘာလှည့် ခရီးသွား စောင့်ရှောက် တဲ့ ရဲ အဖွဲ့တွေ ချမှတ် ပေးထား ပြီး လုယက် ကျူးလွန်မှု တွေ ကို ဖြေရှင်း ပေးနေ ပါတယ်။

နယ်ခံ လူထု တွေကို ခရီးသွား လုပ်ငန်း နဲ့ ပတ်သက်တဲ့ လိုက်နာ စောင့်ထိန်း စရာတွေကို မပြတ် အသိပေးသင့် သလို ခရီးသွား တွေ အနေနဲ့ ဟိုတယ်၊ စားသောက်ဆိုင် တွေနဲ့ ဧည့်လမ်းညွှန် တွေကနေ နယ်မြေ အခြေအနေကို လေ့လာ သိရှိ သင့်တယ်လို့လည်း ဦးပြည်သိန်းကို က ပြောကြား သွားပါတယ်။