အိန္ဒိယ မုဒိမ်းမှု ရဲတွေ ကိုင်တွယ်ပုံ ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယ နိုင်ငံ မြောက်ပိုင်းမှာ အုပ်စုလိုက် အဓမ္မ ပြုကျင့်ခံခဲ့ရပြီး သစ်ပင်မှာ ဆွဲကြိုးချ အသတ်ခံခဲ့ရတဲ့ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအစ်မ ၂ ဦးအနက် တစ်ဦးရဲ့ ဖခင်ဖြစ်သူက ရဲကို သွားရောက် တိုင်ကြားရာမှာ ရဲအရာရှိတွေက သူ့ကို လှောင်ပြောင်ခဲ့တယ်လို့ ပြောပါတယ်။
အက်တာ ပရာဒက်ရှ် ပြည်နယ် ရွာတစ်ရွာက နေအိမ်ကနေ ညီအစ်မ ၂ ဦး ပျောက်သွားကြောင်း ဆွေမျိုးသားချင်းတွေက ရဲကို ဖုန်းဆက် အကူအညီ တောင်းဖို့ ကြိုးစားရာမှာလည်း ၁၂ နာရီကျော် ကြာအောင် ခေါ်မှ ရဲက ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆွေမျိုးတွေက ဘီဘီစီကို ပြောပါတယ်။
အခုတော့ ဒီအမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၃ ဦးကို ရဲက ဖမ်းဆီးထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
အဖမ်းခံရတဲ့ အထဲမှာ ရဲသား တစ်ဦးလည်း ပါဝင်ပြီး သူ့ကိုတော့ တာဝန် ပျက်ကွက်မှုနဲ့ ဖမ်းထားတာ ဖြစ်ပါတယ်။




