အောင်ပွဲရ ပက်ရှ်မက်ဂါတွေဆီ သူတို့ ခေါင်းဆောင် လာရောက် ဂုဏ်ပြု

ဓာတ်ပုံ ရင်းမြစ်, AP
အီရတ်ရဲ့ ကာ့ဒ် မျိုးနွယ်စု ခေါင်းဆောင် Masoud Barzani ဟာ IS တွေ လတွေနဲ့ချီ ပိတ်ဆို့ထားတဲ့ စင်ဂျာတောင် ကို အောင်မြင်စွာ ထိုးဖောက် နိုင်ခဲ့တဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေ ရှိရာဆီ သွားရောက် ဂုဏ်ပြုနေပါတယ်။
ကာ့ဒ် မျိုးနွယ်စု ပက်ရှ်မက်ဂါ တပ်ဖွဲ့တွေ ဟာ စင်ဂျာတောင် မှာ ပိတ်မိ နေကြတဲ့ ထောင်နဲ့ချီတဲ့ ယာဇီဒီ ဒုက္ခသည် တွေကို ကယ်တင် နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ သီတင်းပတ် က စလို့ IS တွေ အပေါ် ထိုးစစ်တွေ ဆင်နွှဲ လာတာ ဖြစ်ပါတယ်။
အခုဆိုရင် ယာဇီဒီ ဒုက္ခသည် တွေ ဆီကို ကယ်ဆယ် ထောက်ပံ့ရေး ယာဉ်တန်းတွေ ပထမဦးဆုံး အကြိမ် ဆိုက်ရောက် သွားနိုင် ခဲ့ပါပြီ။
IS တွေ လက်ထဲ ကျရောက် နေတဲ့ စင်ဂျာ တောင်ခြေက စင်ဂျာမြို့ ကိုလည်း ပြန်လည် သိမ်းပိုက် နိုင်အောင် သူ့ရဲ့ ကာ့ဒ် တပ်ဖွဲ့ဝင်တွေ အရှိန်မြှင့် ကြိုးစား နေကြတယ် ဆိုပြီး မစ္စတာ ဘာဇာနီ က ပြောပါတယ်။




