ထိုင်း အိမ်ရှေ့ မင်းသမီး မိသားစု မှာ တော်ဝင် နာမည် ဖယ်ရှား

ဓာတ်ပုံ ရင်းမြစ်, AFP
ထိုင်း အိမ်ရှေ့မင်းသား Vajiralongkorn က သူ့ ကြင်ယာတော် မိသားစု မှာ တော်ဝင် နာမည်ထည့် သုံးစွဲတာကို ဖယ်ရှားဖို့ အစိုးရ ကို ညွှန်ကြား လိုက်ပါတယ်။
ဒီအမိန့်ပေးမှု ဟာ မင်းသားက ကြင်ယာတော် ကို ကွာရှင်းဖို့ ခြေလှမ်းပြင်နေတာလို့ ယူဆ ကြပါတယ်။
ဒီရက်ပိုင်း အတွင်း ကြင်ယာတော် ရဲ့ ဆွေမျိုး ၇ ယောက် မှောင်ခိုမှု၊ လောင်းကစား လုပ်ငန်းမှု တွေနဲ့ ဖမ်းဆီး ခံခဲ့ရ ပါတယ်။
အိမ်ရှေ့မင်းသားနဲ့ မင်းသမီး Srirasmi Akrapongpreecha တို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေကြတယ်လို့ လူအများက သိထား ကြ ပါတယ်။
သူတို့ ဇနီးမောင်နှံက သားတော် တပါး ထွန်းကားပြီး အိမ်ရှေ့မင်း နောက်က ထီးနန်း ဆက်ခံမယ့် နန်းလျာ လို့ ယူဆ ကြပါတယ်။




