ဗြိတိသျှ ညီအစ်ကို အကြမ်းဖက်မှုနဲ့ ထောင်ချ

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီးရီးယား မှာ အကြမ်းဖက် လုပ်ငန်းတွေ ပါဝင် ပတ်သက် ခဲ့မှု နဲ့ ဗြိတိသျှ နိုင်ငံသား ညီအစ်ကို ၂ ယောက်ကို ထောင်ချ ခဲ့ပါတယ်။
အသက် ၃ဝ အရွယ် မိုဟာမက် နာဝပ်ဇ် နဲ့ ၂၄ နှစ်သား ဟမ်ဇာ နာဝပ်ဇ် တို့ ဟာ ဒီလို အမှုနဲ့ ထောင်ချ ခံရတဲ့ ပထမဆုံး ဗြိတိသျှ နိုင်ငံသား တွေ ဖြစ်ပါတယ်။
၂ဝ၁၃ ခုနှစ် က ဆီးရီးယား မှာ သင်တန်း တခု တက်ဖို့ ကြံစည်ခဲ့တယ်လို့ သူတို့က ဝန်ခံ ခဲ့ကြပါတယ်။
မနှစ်က ဒိုဗာ ဆိပ်ကမ်း ကို ပြန်ရောက် ချိန်မှာ သူတို့ ခရီးဆောင် အိတ်ထဲက ကျည်ဆန် နဲ့ သင်တန်း ဓာတ်ပုံ တွေ တွေ့ရှိပြီး အဖမ်းခံ ခဲ့ရပါတယ်။
Al-Qaeda အနွယ် အုပ်စု တွေကို ကူညီ ခဲ့တာ မဟုတ်ဘဲ ဆီးရီးယား သမ္မတ အာဆတ်ကို ဖြုတ်ချဖို့ ကြိုးစား ခဲ့တာ သာ ဖြစ်တယ်လို့ သူတို့က ငြင်းဆို လာခဲ့တာ ဖြစ်ပါတယ်။




