ဗြိတိန်ကို အကြမ်းဖက်မယ့် အန္တရာယ် စိုးရိမ် ရ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယားနဲ့ အီရတ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာ တွေကြောင့် ဗြိတိန်ကို အကြမ်းဖက် တိုက်ခိုက် လာမယ့် အန္တရာယ် စိုးရိမ် နေရတယ်လို့ ဗြိတိသျှ အစိုးရက ပြောကြား လိုက်ပါတယ်။
ခြိမ်းခြောက်မှု အတန်အသင့် ရှိတဲ့ အဆင့် ကနေ ပြင်းထန်တဲ့ အဆင့်ထိ တိုးမြှင့် ထားလိုက်ပါပြီ။
ဒါဟာ အကြမ်းဖက် ခြိမ်းခြောက်နိုင်တဲ့ အဆင့် ၅ ဆင့် ထဲက ဒုတိယ အမြင့်ဆုံး အဆင့် ဖြစ်ပါတယ်။
အကြမ်းဖက်မှု လာတော့မယ် ဆိုတဲ့ အနေအထား မဟုတ်သေး ပေမယ့် ဖြစ်နိုင်ခြေ တော်တော် များတယ် လို့ပဲ ယူဆ ထားပါတယ်။
ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ကတော့ အစ္စလာမ္မစ် နိုင်ငံ တပ်ဟာ တခြား အုပ်စု အားလုံး ထက် ဗြိတိန် လုံခြုံရေး ကို ပိုမို ခြိမ်းခြောက် လာနေတယ် လို့ ပြောကြား သွားပါတယ်။
ဒီလို ခြိမ်းခြောက်မှု ပြင်းထန်တဲ့ အနေအထား နဲ့ ၂ဝဝ၆ ခုနှစ် ကနေ ၄ နှစ်ခွဲ လောက် ဗြိတိန်မှာ တပ်လှန့် ထားခဲ့ဖူး ပါတယ်။




