ကင်ညာ စစ်သွေးကြွ တွေ ခရီးသည် တွေကို သတ်ဖြတ်

ဓာတ်ပုံ ရင်းမြစ်, AFP
al-Shabab ဆိုမာလီ စစ်သွေးကြွ တွေက ကင်ညာ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘတ်စ်ကား တစီးပေါ်က ခရီးသည် ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
ခရီးသည် ၆ဝ လောက် တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ နိုင်ရိုဘီ မြို့တော် သွားလမ်းပေါ်မှာ စီးနင်း တိုက်ခိုက် ခံခဲ့ရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ခရစ်ယာန် ဘာသာဝင် တွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ ကင်ညာ ရဲချုပ် David Mwole Kimaiyo က ဆိုပါတယ်။
နိုင်ငံ မြောက်ပိုင်းက လာတဲ့ ခရစ်ယာန် ခရီးသည် တွေကို တိုက်ခိုက်ခဲ့ပြီး ကျန်သူတွေကို ချန်လှပ် ထားခဲ့တယ်လို့ ရဲချုပ်က ပြောပါတယ်။
ဆိုမာလီ လူမျိုး တွေနဲ့ ဆိုမာလီ မဟုတ်သူ တွေကို လူခွဲခိုင်းပြီး ကိုရမ် ကျမ်းစာ ထဲက စာသား တွေကို ရွတ်ဆို မပြ နိုင်သူ တွေကို ဦးခေါင်းကို အနီးကပ် ပစ်သတ် ခဲ့တယ်လို့ ခရီးသည် တယောက်က ဘီဘီစီကို ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ ကင်ညာ ကမ်းရိုးတန်း Mombasa မြို့မှာ မွတ်ဆလင် တွေကို ကင်ညာ လုံခြုံရေး က သတ်ဖြတ်ခဲ့မှုကို လက်စားချေ တာလို့ al-Shabab အဖွဲ့က ထုတ်ပြန် ခဲ့ပါတယ်။




