မြောက်ကိုရီးယား လူ့အခွင့်ရေး ကုလ ဆုံးဖြတ်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters KCNA
မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေ အနေ ဆိုးရွားမှု ကို နိုင်ငံတကာ ရာဇဝတ် ခုံရုံး တင်ဖို့ လုံခြုံရေး ကောင်စီ ကို တောင်းဆို တဲ့ ဆုံးဖြတ်ချက် ကို ကုလ သမဂ္ဂ အထွေထွေ ညီလာခံ လူ့အခွင့်အရေး ကော်မတီ က ချမှတ် ခဲ့ပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေ အနေဟာ အချိန် ကာလ၊ ပြင်းထန် ဆိုးရွားမှု မှာ တခြား နိုင်ငံ အားလုံး ထက် ကျော်လွန် နေတယ်လို့ ကုလ သမဂ္ဂ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာ တစောင်က ဒီနှစ်ဆန်းမှာ ထုတ်ပြန် ခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un ကို ပစ်မှတ်ထားပြီး ဒဏ်ခတ် ပိတ်ဆို့မှု ကြုံတွေ့ လာရနိုင်တယ်လို့လည်း သတိပေး ထားပါတယ်။
အထွေထွေ ညီလာခံ က နောက်လာမယ့် သီတင်းပတ် တွေထဲမှာ ဒီကိစ္စ မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ဖို့ မလိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်မှာ ဖြစ်ပါတယ်။
လုံခြုံရေး ကောင်စီမှာ ဗီတို အာဏာ ကိုင်စွဲ ထားတဲ့ တရုတ်နဲ့ ရုရှ က ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။




