MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, AP
ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့ အတူ ပါသွားတဲ့ မလေးရှား လူမျိုး ဖခင် တစ်ယောက်ရဲ့ ကျန်ရစ်သူ သား ၂ ယောက်က မလေးရှား လေကြောင်းလိုင်းနဲ့ မလေးရှား အစိုးရ အပေါ် အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။
ဒီအမှုဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က MH370 ပျောက်ဆုံး သွားပြီးကတည်းက ဥပဒေကြောင်း အရ ရင်ဆိုင် စွဲဆိုတဲ့ ပထမဆုံး အမှုအခင်း ဖြစ်ပါတယ်။
စွဲဆိုချက်တွေမှာ လုံခြုံ စိတ်ချရတဲ့ ခရီးစဉ် ဖြစ်အောင် ဆောင်ရွက်စရာ ရှိတာတွေ အားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး လေကြောင်းလိုင်းကို စွဲဆိုထားသလို အရပ်ဘက် လေကြောင်း ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာနနဲ့ လေတပ် တို့ကိုပါ ပေါ့ဆမှု တွေနဲ့ စွဲဆိုထားပါတယ်။
ရှေ့နေတွေဟာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် Jee Jing Hang ရဲ့ အသက် မပြည့်သေးတဲ့ ကျန်ရစ်သူ သား ၂ ယောက် အတွက် ကိုယ်စားပြု ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ကွာလာလမ်ပူ ကနေ ဘေဂျင်း မြို့ကို ပျံသန်းတဲ့ MH370 လေယာဉ်ပေါ်မှာ လူ ၂၃၀ ယောက် လိုက်ပါသွားပါတယ်။




