တောင်အာဖရိက ဂိုးသမား အသတ်ခံရမှု စစ်ဆေးနေ

ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ တောင်အာဖရိက အသင်းခေါင်းဆောင် ဂိုးသမား Senzo Meyiwa

ဓာတ်ပုံ ရင်းမြစ်, Getty

ဓာတ်ပုံ ပုံစာ, ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ တောင်အာဖရိက အသင်းခေါင်းဆောင် ဂိုးသမား Senzo Meyiwa

တောင်အာဖရိက ဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင် ဂိုသမား Senzo Meyiwa ဟာ ဂျိုဟန် နက်စဘာ့ဂ် မြို့က သူ့ ရည်းစားရဲ့ အိမ်မှာ ဖောက်ထွင်း ဝင်ရောက် လာသူတွေရဲ့ ပစ်ခတ် မှုကြောင့် သေဆုံး ခဲ့ရပြီးနောက် ပစ်ခတ် သွားသူတွေကို ရှာဖွေနေဆဲ ဖြစ်တယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို ဖောက်ထွင်း ဝင်ရောက် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်း ပေးနိုင်သူကို ဆုငွေ ဒေါ်လာ နှစ်သောင်းကျော် ပေးဖို့ ကြေညာချက် ထုတ်ထား ပါတယ်။

အသက် ၂၇ နှစ် အရွယ် ဂိုးသမား Meyiwa သေဆုံးမှု အပေါ် တစ်နိုင်ငံလုံးက မဖော်ပြ နိုင်အောင် တုန်လှုပ်ရကြောင်း တောင်အာဖရိက သမ္မတ Jacob Zuma က ပြောပါတယ်။

တောင်အာဖရိက မသန်စွမ်း အပြေးသမား Oscar Pistorius ရဲ့ အမှု အပြီး သိပ်မကြာခင်မှာပဲ အခုလို ဂိုးသမား Meyiwa အသတ်ခံရမှု ပေါ်ပေါက် လာတာကြောင့် တောင်အာဖရိကမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတဲ့ သေနတ် အသုံးပြု ရာဇဝတ်မှုတွေ အပေါ် ပိုမို အာရုံစိုက် စရာ ဖြစ်လာ ခဲ့ပါတယ်။