ကာ့ဒ် ပါတီ ကို လက်နက် ထောက်ဖို့ တူရကီ ငြင်း

kurd

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကိုဘာနီမှာ IS နဲ့ ကာ့ဒ်တွေ စစ်ခင်း

ဆီးရီးယားမှာ အစ္စလာမ္မစ် နိုင်ငံတပ်နဲ့ စစ်ခင်း နေတဲ့ ကာ့ဒ် ပါတီ ကို လက်နက် ထောက်ပံ့ မှာ မဟုတ်ဘူး လို့ တူရကီ သမ္မတ က ပြောကြား လိုက်ပါတယ်။

ဒီမိုကရက်တစ် ယူနီယံ ပါတီ ဟာ တူရကီမှာ မတရားသင်း ကြေညာ ထားတဲ့ ကာ့ဒ် အလုပ်သမား ပါတီ လိုပဲ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တယ် လို့ Recep Tayyip Erdogan က ပြောကြား ခဲ့ပါတယ်။

ကာ့ဒ် တွေကို အမေရိကန် က လက်နက် ကူတာ မျိုးတွေကို လည်း တူရကီ က ခွင့်ပြုမှာ မဟုတ်ဘူး လို့ သမ္မတ ယာဒိုဂန်က ပြောကြား ခဲ့ပါတယ်။