ကိုဘာနီမြို့ IS အဖွဲ့ လက်တွင်း ကျနိုင်ဖွယ်ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
တူရကီ နယ်စပ်က ဆီးရီးယား နိုင်ငံ ကိုဘာနီမြို့ ဟာ IS အစ္စလာမ္မစ် နိုင်ငံ တပ်ဖွဲ့ တွေရဲ့ လက်တွင်းကို မကြာမီ ကျရောက် နိုင်ဖွယ် ရှိနေကြောင်း ဆီးရီးယား အရာရှိတစ်ဦးက ပြောပါတယ်။
ကိုဘာနီ မြို့ အရှေ့ဘက် မြို့စွန်က အဆောက်အဦး တစ်ခုမှာ IS အဖွဲ့ရဲ့ အလံတစ်ခု လွှင့်ထူ ထားတာကို မြင်ရကြောင်းလည်း သိရပါတယ်။
ကိုဘာနီမြို့ အနီးက စစ်ရေးအရ အချက်အချာ ကျတဲ့ Mistenur တောင်ကုန်းကို IS အဖွဲ့က သိမ်းပိုက် လိုက်ပြီလို့ ဆီးရီးယား အရာရှိက ဆိုပါတယ်။
အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတဲ့ ကြားက ပြီးခဲ့တဲ့ ၃ ရက်လုံးလုံး ကိုဘာနီမြို့ကို သိမ်းပိုက်ဖို့ IS အဖွဲ့က အပြင်းအထန် တိုက်ခိုက် လာရာမှာ ကာ့ဒ် တပ်ဖွဲ့တွေက မြို့ကို ခုခံ ထားခဲ့ကြပါတယ်။
ကိုဘာနီ မြို့ကို သိမ်းပိုက်ဖို့ IS အဖွဲ့ ထိုးစစ် ဆင်နေခဲ့တာ သီတင်း ၃ ပတ် နီးပါး ရှိလာခဲ့ပြီး ဒုက္ခသည် ၁ သိန်း ၆ သောင်းလောက် တူရကီဘက်ကို ဝင်ပြေး ခဲ့ကြရပါတယ်။




