ဟောင်ကောင် အာဏာပိုင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်

hong_kong_chief_secretary_carrie_lam

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆန္ဒပြ ကျောင်းသားတွေနဲ့ ဟောင်ကောင် အာဏာပိုင်တွေ အကြား တွေ့ဆုံ စကားပြောမယ်။

ဟောင်ကောင်ရဲ့ အတွင်းဝန်ချူပ် က ဟောင်ကောင် အစိုးရ အနေနဲ့ လာမယ့် အင်္ဂါနေ့မှာ ဒီမိုကရေစီ အရေး ဆန္ဒ ပြနေကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စကားပြောမယ် ဆိုပြီး ကြေညာ လိုက်ပါတယ်။

၂ ဘက်စလုံးကနေ ကိုယ်စားလှယ် ၅ ယောက်စီ လွှတ် ညှိနှိုင်းကြမှာ ဖြစ်ပြီး ၂ နာရီလောက် ကြာနိုင်တယ် လို့ Carrie Lam က ဆိုပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြ ကြသူတွေဟာ ရဲတွေနဲ့ Mong Kok ဆိုတဲ့ အရပ်မှာ အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကြားကပဲ အရင်နေ့က ဖယ်ရှား ခံခဲ့ရတဲ့ သူတို့ရဲ့ သပိတ်စခန်း နေရာ တချို့ကို ပြန်လည် သိမ်းပိုက် လိုက်ကြပါတယ်။

ဒီလို အချိန်မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ် ဆိုတဲ့ အခုလို ထုတ်ပြန်ချက် ထွက်ပေါ် လာတာပါ။