ဟောင်ကောင် အစိုးရက ဆွေးနွေးဖို့ အသင့် ဟုဆို

ဓာတ်ပုံ ရင်းမြစ်, Getty
ဟောင်ကောင်မှာ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တွေနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ ဟောင်ကောင် အစိုးရက အဆင်သင့် ဖြစ်နေပြီလို့ အုပ်ချုပ်ရေးမှူး စီဝိုင်လုန်က ပြောပါတယ်။
အစိုးရ အဆောက်အဦးတွေ အနီးက ဆန္ဒပြသူ တွေနဲ့ ရဲတွေ အကြား လုံးထွေး သတ်ပုတ်မှုတွေ ဒုတိယမြောက်ည အဖြစ် ပေါ်ပေါက်ခဲ့ အပြီးမှာ အခုလို ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ညက လမ်းမတွေကို သိမ်းပိုက် နေရာယူဖို့ ကြိုးစားတဲ့ ဆန္ဒပြ သမားတွေကို ရဲတွေက ငရုပ်ကောင်း ဆေးရည်တွေ သုံးပြီး ဟန့်တား ခဲ့ရာမှာ နှစ်ဘက် တိုက်ခိုက်မှုတွေ ထပ်ဖြစ်ခဲ့ပါတယ်။
အရင်ညက ဆန္ဒပြသူ တစ်ဦးကို ရိုက်နှက်နေတဲ့ ဗီဒီယိုထဲမှာ ပါဝင်တဲ့ ရဲအရာရှိ ၇ ဦး ကိုတော့ ရာထူးကနေ ချထား လိုက်တယ်လို့ ဆိုပါတယ်။




