ဆန္ဒပြသူ ရိုက်နှက်ခံရမှု ဟောင်ကောင်ရဲ စစ်ဆေး

Ken Tsang ကို ရဲတွေ ဖမ်းဆီးသွားစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Ken Tsang ကို ရဲတွေ ဖမ်းဆီးသွားစဉ်

ဟောင်ကောင်မှာ အစိုးရ ရုံးတွေ အနီးက ဆန္ဒပြသူ တွေကို ရဲတွေက ရှင်းလင်း ရာမှာ မတရား ရိုက်နှက်တဲ့ ဗီဒီယိုတွေ ပေါ်ထွက် လာခဲ့တာကြောင့် အဲဒီလို ရိုက်နှက် ရာမှာ ပါဝင်တဲ့ ရဲတွေကို စုံစမ်း စစ်ဆေး နေတယ်လို့ ဟောင်ကောင် ရဲအဖွဲ့က ပြောပါတယ်။

ဆန္ဒပြသူ တယောက်ကို လက်ထိတ်ခတ် ဖမ်းဆီး ထားစဉ်မှာ ရဲတွေက လက်သီးနဲ့ထိုး၊ ခြေနဲ့ ကန်ကျောက် ခဲ့တဲ့ ဗီဒီယိုကို ဒေသတွင်း ရုပ်သံ တစ်ခုက လွှင့်ထုတ် ခဲ့ပါတယ်။

အဲဒီလို ဝိုင်းဝန်း ထိုးကြိတ် တာကို ခံရတဲ့ ဆန္ဒပြသူက ကင် ဆန်း Ken Tsang ဆိုသူ ဖြစ်ပြီး အဲဒီ ရဲတွေက ရာဇဝတ်မှုနဲ့ တရားစွဲဆို ထားတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

ကင် ဆန်း Ken Tsang ဟာ ဒဏ်ရာ အပြင်းအထန် ရထားတယ်လို့ ဥပဒေပြု ကောင်စီဝင်လည်း ဖြစ်တဲ့ သူ့ရှေ့နေ Dennis Kwok ဒန်းနစ် ကွတ်က် က ပြောပါတယ်။

ဆန္ဒပြမှုကို ဖြိုခွဲတဲ့ အချိန်မှာ တခြား ဆန္ဒပြသူတွေကိုလည်း ရဲက မတော်မတရား နှိပ်စက်မှုတွေ ရှိခဲ့တယ်လို့လည်း သူက စွပ်စွဲပါတယ်။