ကိုရီးယား နှစ်ဘက် စစ်အရာရှိတွေ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, AP
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက ထိပ်တန်း စစ်အရာရှိကြီး တွေဟာ ၇ နှစ်အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ကြတယ်လို့ တောင်ကိုရီးယားရဲ့ Yonhap သတင်း ဌာနက ပြောပါတယ်။
တဘက်ကို အရာရှိ ၃ ယောက်စီ ပါဝင်ပြီး နှစ်နိုင်ငံကြားက စစ်မဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျုံ ရွာလေးမှာ လျှို့ဝှက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံဟာ သူတို့ အကြား တင်းမာမှုကို နှစ်ဘက် စလုံးက လျှော့ချချင်ပုံ ရတယ်လို့ ဆိုးလ်မြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
မကြာသေးခင်က တောင်ကိုရီးယား ဘက်ကနေ ကြေညာချက် တွေကို မိုးပျံပူပေါင်းနဲ့ လွှတ်တင် ခဲ့ရာက စပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပါသေးတယ်။




