ကိုဘာနီ မြို့ မကျအောင် ကန် မကာကွယ်နိုင်

ဓာတ်ပုံ ရင်းမြစ်,
ကိုဘာနီ မြို့ကို အစ္စလာမ္မစ် နိုင်ငံ တပ်တွေက အပြင်းအထန် ထိုးစစ်ဆင် ခဲ့ပြီးနောက် ကာ့ဒ် တပ်တွေရဲ့ ဌာနချုပ်ကို သိမ်းပိုက် ခဲ့ပါတယ်။
မြို့ အဝင်အထွက် နောက်ဆုံး လက်ကျန် လမ်းမကိုလည်း I-S တပ်တွေက ပိတ်ဆို့ ထားပြီ ဖြစ်ပါတယ်။
ကိုဘာနီ မြို့ I-S တပ်တွေ လက်ထဲ ကျ သွားရင် ဘော့စနီးယား က ဆရီဘရီနီဆာ မြို့မှာ ထောင်နဲ့ချီတဲ့ ဘော့စနီးယား မွတ်ဆလင်တွေ သတ်ဖြတ် ခံခဲ့ရတဲ့ အခြအနေ မျိုး ကိုဘာနီ မှာ ကျန်နေတဲ့ အရပ်သားတွေ ကြုံရနိုင်တယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး Steffan de Mistura က သတိပေး လိုက်ပါတယ်။
ကုလ သမဂ္ဂ အနေနဲ့ ဆရီဘရီနီဆာလို အဖြစ်ဆိုးမျိုး ထပ်မကြုံရအောင် တားဆီးပေးဖို့ ဆီးရီးယား သံအမတ်က ပန်ကြား ခဲ့ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က I-S တပ်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပိုပြီး ဆင်နွှဲ ခဲ့ပေမယ့် ကိုဘာနီ မြို့ မကျအောင် တော့ ကာကွယ် နိုင်မှာ မဟုတ်ဘူး လို့ အိမ်ဖြူတော် အရာရှိ တွေက ပြောကြား ခဲ့ပါတယ်။




