ယူကရိန်း ပဋိပက္ခ ထိပ်သီး ဆွေးနွေး

Petro Poroshenko

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရုရှ၊ ဘယ်လာရုစ်၊ ယူကရိန်း ခေါင်းဆောင်တွေ

ယူကရိန်း အရှေ့ပိုင်း ပဋိပက္ခ ဖြေရှင်းရေး အတွက် ရုရှနဲ့ ယူကရိန်း သမ္မတ တွေ ဘယ်လာရုစ် နိုင်ငံ မြို့တော်မှာ ပထမဆုံး အကြိမ် တိုက်ရိုက် ဆွေးနွေး ခဲ့ကြ ပါတယ်။

အပစ်အခတ် ရပ်စဲရေး ရဖို့ လမ်းပြ မြေပုံ တခု ချက်ချင်း ရေးဆွဲဖို့ ရှိတယ်လို့ ယူကရိန်း သမ္မတ Petro Poroshenko က ဆွေးနွေးပွဲ အပြီးမှာ ပြောကြား ခဲ့ပါတယ်။

ဒီကနေ့ တနေ့ထဲနဲ့ ဆွေးနွေးပွဲ အဆုံးမသတ်သွားဘဲ ငြိမ်းချမ်းရေး ရရှိဖို့ ဆက်လက် ညှိနှိုင်း သွားလိုကြောင်း မစ္စတာ ပိုရို ရှန်ကိုက ဆိုပါတယ်။

ရုရှ ဘက် ကတော့ ခွဲထွက်ရေး သူပုန် တွေနဲ့ ယူကရိန်း အစိုးရကြား တွေ့ဆုံ ဆွေးနွေးရေး အတွက် ကူညီ ပေးမှာသာ ဖြစ်ပြီး အပစ်ရပ်စဲရေး ရဖို့က ယူကရိန်း အစိုးရ ပေါ်မှာ မူတည်တယ်လို့ ရုရှ သမ္မတ ဗလာဒီမာ ပူတင်ကတော့ လို့ ဆိုပါတယ်။

ယူကရိန်း က တနင်္လာနေ့က ဖမ်းဆီးခဲ့တဲ့ ရုရှ စစ်သား ၁ဝ ယောက် ဟာ ကင်းလှည့်ရင်း ယူကရိန်းထဲ လမ်းမှား ဝင်သွားတာ ဖြစ်နိုင်တယ်လို့လဲ မစ္စတာ ပူတင်က ပြောကြား ခဲ့ပါတယ်။