ယူကရိန်းထဲက ရုရှားယာဉ်တန်းကို အနောက်က ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်းအရှေ့ဘက်ခြမ်း သူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာမှာ ရရှားက အကူအညီပေးရေး ယာဉ်တန်းတွေဟာ အခွင့်မရှိပဲ ဝင်ရောက်တဲ့အပေါ် အနောက်နိုင်ငံတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။
ရရှားဟာ ယူကရိန်းရဲ့ အချုပ်အခြာကို ချိုးဖောက်ဝင်ရောက်တာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။
ရရှားယာဉ်တန်းရဲ့ လှုပ်ရှားမှုကို အလွန်စိုးရိမ်ကြောင်း၊ ဒီလို လုပ်တာကို ရှုံ့ချကြောင်းနဲ့ ဒီယာဉ်တွေကို ရုရှားဘက်က ချက်ချင်း ဖယ်ပေးဖို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်ကာဘီက ပြောကြားပါတယ်။
ယာဉ်တန်းတွေ မဖယ်ရှားဘူးဆိုရင် ရုရှားအနေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံရမယ်လို့လည်း သတိပေးပါတယ်။
နေတိုးဘက်ကလည်း ရုရှားဟာ သူပုန်တွေကို စစ်ရေးအကူအညီတွေ တိုးမြှင့်ပေးနေတယ်လို့ ဆိုပါတယ်။
ရုရှားဘက်က ပြောတာကတော့ ကုန်တင်ကားတွေဟာ ကွန်တိန်နာတွေနဲ့ စားသောက်စရာတွေ သယ်လာတာလို့ ပြောပါတယ်။
ဒါပေမယ့် ကုန်တင်ကားတွေကို မြင်ခဲ့တဲ့ သတင်းထောက်တွေကတော့ ကားအများအပြားထဲမှာ သယ်လာတဲ့အရာတွေက တဝက်လောက်ပဲ ပြည့်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။




