အစ္စရေးနဲ့ ပါလက်စတိုင်း ကိုင်ရိုမှာ တဆင့်ခံ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, AP
အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက် ကိုယ်စားလှယ် တွေဟာ ကိုင်ရိုမြို့မှာ အီဂျစ် စေ့စပ်ညှိနှိုင်းရေး အရာရှိတွေက တဆင့် ဆွေးနွေးမှုတွေ စတင် ဆောင်ရွက် နေပါတယ်။
ဂါဇာ ဒေသမှာ လူ့ အသက်ပေါင်း ၁၉၀၀ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ သီတင်း ၄ ပတ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ခုလို နှစ်ဘက် ကိုယ်စားလှယ်တွေ ဆွေးနွေးမှု စတင် နိုင်လာတာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြား ၃ ရက်ကြာ အပစ်ရပ် အစီအစဉ်ကို အင်္ဂါနေ့က စတင်ခဲ့ပြီး ဒီကနေ့ ဒုတိယမြောက် နေ့မှာတော့ ဂါဇာ ဒေသမှာ စျေးတွေ၊ ဆိုင်တွေ ပြန်ဖွင့်နေကြပါတယ်။
ဒီလို အပစ်ရပ်ထားမှုကို အသုံးချပြီး ပိုမို ကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေ နှစ်ဘက် ရှေ့တိုး လုပ်ဆောင်ကြဖို့ အစောပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းထားပါတယ်။




