အမေရိကန်ဝန်ကြီး ကယ်ရီ အာဖဂန်ကို ရောက်ရှိ

_us_secretary_of_state_john_kerry_meets_with_afghan_president_hamid_karzai_in_kabul_

ဓာတ်ပုံ ရင်းမြစ်,

ဓာတ်ပုံ ပုံစာ, ဂျွန်ကယ်ရီနဲ့ အာဖဂန် သမ္မတ ဟာမစ် ကဇိုင်း

အာဖဂန် သမ္မတ ရွေးကောက်ပွဲ အငြင်းပွားမှု အတွက်၊ တိုင်းပြည် မတည်မငြိမ် ဖြစ်လာတော့ မယ့် အန္တရာယ် ကို ကူညီ ဖြေရှင်း နိုင်ဖို့အတွက် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ၊ အာဖဂန်နစ္စတန် ကို ရောက်လာပါ တယ်။

ဝန်ကြီး ကယ်ရီဟာ၊ သမ္မတလောင်း ၂ ဦး ဖြစ်တဲ့ Abdullah Abdullah နဲ့ Ashraf Ghani၊ ၂ ဦးစလုံးနဲ့ တွေ့ဆုံပါလိမ့် မယ်။

မစ္စတာ Abdullah က၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ကနဦး ရလာဒ်တွေကို ငြင်းပယ်ထားပါတယ်။

မစ္စတာ Abdullah ရဲ့ ဒုတိယ သမ္မတ အနေနဲ့ ရွေးချယ်ထားတဲ့ Haji Mohammad Mohaqiq က ((( အသံ)))

အခုဆို၊ အာဖဂန်နစ္စတန်မှာ ဂျွန်ကယ်ရီ ရောက်လာသလို၊ အီးယူက လေ့လာရေး သမားတွေ လည်း ရှိနေကြတဲ့ အတွက်၊ ဘယ်မဲတွေဟာ သန့်ရှင်းတဲ့ မဲတွေဖြစ်ပြီး၊ ဘယ်မဲတွေကတော့ တရားမဝင် မဲတွေ ဖြစ်တယ် ဆိုတာကို ခွဲခြားနိုင်ဖို့ ကြိုးစားမှု အားလုံးကို ကြိုဆိုပါတယ် လို့ မစ္စတာ Abdullah ရဲ့ ဒုတိယ သမ္မတ အနေနဲ့ ရွေးချယ်ထားတဲ့ Haji Mohammad Mohaqiq က ပြောခဲ့ပါတယ်။