ဆိုမာလီယာမှာ အယ်လ်ရှာဘတ်တွေ တိုက်ခိုက်

အစ္စလမ်မစ် ပြည်နယ် တောင်းဆိုနေတဲ့ အယ်လ် ရှာဘတ် စစ်သွေးကြွတွေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အစ္စလမ်မစ် ပြည်နယ် တောင်းဆိုနေတဲ့ အယ်လ် ရှာဘတ် စစ်သွေးကြွတွေ

ဆိုမာလီယာ နိုင်ငံမှာ အာဖရိက ငြိမ်းချမ်းရေး တပ်တွေရဲ့ ဌာနချုပ်အဖြစ် အသုံးပြုနေတဲ့ ဟိုတယ်တစ်ခုကို အယ်လ် ရှာဘတ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားပါတယ်။

ဘူလိုဘာ့ဒ် Bulo-burde မြို့က အဲဒီ ဟိုတယ်ကို အယ်လ် ရှာဘတ် သေနတ်သမားတွေက ဝင်တိုက်ခဲ့ရာမှာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဘူလိုဘာ့ဒ် မြို့ကို ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ထိန်းချုပ်ပြီးကတည်းက အယ်ရှာဘတ်တွေ မကြာခဏ လာရောက် တိုက်ခိုက်တာကို ခံနေရပါတယ်။

အယ်လ်ခိုင်ဒါနဲ့ အဆက်အစပ်ရှိတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေဟာ ဆိုမာလီယာမှာ အစ္စလာမစ် ပြည်နယ် ထူထောင်လိုနေကြတာ ဖြစ်ပါတယ်။