အီရတ်စစ်သွေးကြွတွေကို ဆီးရီးယား ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆီရီးယား အီရတ် နယ်စပ်က စစ်သွေးကြွတွေကို ဆီးရီးယား အစိုးရ စစ်လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အီရတ် ဝန်ကြီးချုပ်က အတည်ပြု ပြောပါတယ်။
အဲဒီလို တိုက်ခိုက်ဖို့ အကူအညီ တောင်းတာ မရှိပေမယ့် စစ်သွေးကြွေတွေကို တိုက်ခိုက်ပေးတာ ကြိုဆိုကြောင်း ဝန်ကြီးချုပ် နိုရီ အယ်လ် မာလီကီက ဘီဘီစီကို ပြောပါတယ်။
ဆီးရီးယား တိုက်လေယာဉ်တွေဟာ အီရတ် အနောက်ပိုင်း နယ်စပ်မှာ အိုင်းစစ် ဆူနီ စစ်သွေးကြွတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်တပ် သတင်းတွေအရ အီရတ်ဘက် အခြမ်းမှာ ဗုံးကြဲခဲ့တာလို့ ပြောပေမယ့် ဝန်ကြီးချုပ် မာလီကီကတော့ ဆီးရီးယားဘက် အခြမ်းမှာ တိုက်ပေးတာပါလို့ ဆိုပါတယ်။
အမေရိကန်ကတော့ ဆီးရီးယား ဝင်ရောက် တိုက်ခိုက်တာဟာ အိုင်းစစ်ရဲ့ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်မယ့် အဖြေ မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုပါတယ်။
တချိန်တည်းမှာပဲ အီရတ် အစိုးရဟာ စစ်သွေးကြွတွေကို တိုက်ဖို့ ရုရှားနဲ့ ဘီလာရုစ်ဆီကနေ တစ်ပတ်ရစ် တိုက်လေယဉ်တွေ ဝယ်ပြီး စစ်လက်နက်တွေ ဖြည့်တင်းနေတယ်လို့လည်း မစ္စတာ မာလီကီက ပြောပါတယ်။




