အစိုးရ တပ်က ရဟတ်ယာဉ် တစင်း ပစ်ခတ် ခံရ

ukraine

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မရေရာတဲ့ ယူကရိန်း အပစ်ရပ်စဲရေး

ယူကရိန်း အရှေ့ပိုင်းက သူပုန် သိမ်းထားတဲ့ Sloviansk မြို့နားမှာ အစိုးရ တပ်က ရဟတ်ယာဉ် တစင်း ပစ်ခတ် ခံရတဲ့ အတွက် လူ ၉ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောကြား ပါတယ်။

ယူကရိန်း သမ္မတ အဆိုပြုတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာပါ့မယ် ဆိုပြီး သူပုန်ဘက်က သဘောတူ ခဲ့ပြီး နောက်တရက်မှာပဲ ဒီလို တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

သူပုန် ခေါင်းဆောင် တွေထဲက Alexander Borodai ကတော့ အပစ်ရပ်စဲရေး ဆိုတာ မရှိဘူးလို့ ပြောပါတယ်။

ဧပြီ လ လယ်ပိုင်းကထဲက စပြီး ယူကရိန်း အရှေ့ပိုင်းမှာ သတ်ဖြတ် ခံရသူ ၄၂ဝ ကျော်သွားပြီလို့လဲ ကုလ သမဂ္ဂက ပြောကြား ပါတယ်။

ရုရှ သမ္မတ ဗလာဒီမာ ပူတင်ကတော့ အပစ်အခတ် ရပ်စဲရေးကို တပတ် ကြေညာမယ့် အစား ပိုပြီး ရေရှည် အာမခံ ပေးနိုင်မယ့် သဘောတူညီမှု တခု ခိုင်ခိုင်မာမာ ရအောင် စေ့စပ် ဆွေးနွေးသင့်ကြောင်း ပြောကြား ခဲ့ပါတယ်။